အာဆီယံနိုင်ငံများကြား နျူကလီးယားကင်းမဲ့ဇုန်အဖြစ် လက်မှတ်ရေးထိုးနိုင်ရန် အာဆီယံ နိုင်ငံခြားရေးဝန် ကြီးများကစာချုပ်၏သဘောတူညီချက်ကို နျူကလီး ယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများက ခြွင်းချက်များ ထားခြင်းမပြုဘဲ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယင်းနိုင်ငံများနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားရန် အဆင့်မြင့်အရာရှိကြီးများကို တာဝန်ပေးလိုက်သည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ၄၇ ကြိမ်မြောက်အစည်းအဝေးကို ယနေ့နေပြည်တော်ရှိ အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် စတင်ကျင်းပပြီး အာဆီယံဒေသ နျူကလီးယားကင်းမဲ့ဇုန် စာချုပ်ကော်မရှင် အစည်းအဝေးကျင်းပအပြီး အထက်ပါအတိုင်းတာဝန်ပေးလိုက် ခြင်းဖြစ်သည်။
အာဆီယံအတွင်းရေးမှူးချုပ်က အရှေ့တောင်အာရှဒေသ နျူကလီးယားကင်းမဲ့ဇုန် စာချုပ်၏လုပ်ငန်းစီမံချက် (၂၀၁၃-၂၀၁၇) အကောင်အထည်ဖော်နိုင်မှုအခြေအနေကိုရှင်းပြပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ၎င်းတို့၏အမြင်များကို ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာချုပ်ကို နျူကလီးယားလက်နက်ပိုင်ဆိုင်သည်ဟု တရားဝင်အသိအမှတ်ပြုထားသော အမေရိကန်၊ တရုတ်၊ ရုရှ၊ ပြင်သစ်၊ အင်္ဂလန်နိုင်ငံများပါ လက်မှတ်ရေးထိုးနိုင်သော်လည်း ယခုအချိန်ထိရေးထိုးခြင်းမရှိသေးပေ။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာက ယင်းစာချုပ်ကို လက်မှတ်ရေးထိုးရန် လုပ်ငန်းစဉ်များကို ငါးနိုင်ငံနှင့် အာဆီယံနိုင် ငံများအကြားလက်မှတ်ရေးထိုးခဲ့သည်။
mizzima
No comments:
Post a Comment