Sunday, August 3, 2014

စတုတ္ထမဏ္ဍိုင် နှင့် ဖုန်းလုပွဲ



ြ့ မြန်မာ့မီဒီယာသမားတို့ရဲ့ သိက္ခာတွေ အဖက်ဆည်မရအောင် အရှက်ကွဲခဲ့ရတဲ့ ဖုန်းလုပွဲ တစ်ခု ဖြစ်ပါတယ်။ သြဂုတ်လ ၂ ရက်နေ့က ဆူးလေရှန်ဂီလာ ဟိုတယ် (ယခင် ကုန်သည်ကြီးများ ဟိုတယ်) တွင် Ooredoo ကုမ္မဏီက စာနယ်ဇင်းရှင်းလင်းပွဲအပြီး ဟန်းစက်များ၊ ဖုန်းကဒ်များနဲ့ ထီးများ လက်ဆောင်ပေးချိန်မှာ မီဒီယာသမားတွေ အလုအယက် ကြိတ်ကြိတ်တိုး ဝိုင်းလုကြပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲလုပ်မယ်ဆိုပြီး ဖိတ်စာဝေကတည်းက မှတ်ပုံတင်က နာမည်နဲ့ သေချာဖိတ်ပါတယ်။ ဖိတ်စာ တစ်စောင်ကို သတင်းထောက် တစ်ယောက်ပဲ လာဖို့ ပြောထားပြီး ဖြစ်ပါတယ်။ လက်ဆောင်ပေးမယ် ဆိုတာကိုလည်း အရိပ်အမြွတ် သိထားကြပါတယ်။ ဒါကြောင့် ဂျာနယ်တိုက်တိုင်းက တစ်ယောက်ထက် မကတဲ့ သတင်းထောက်တွေရော၊ အယ်ဒီတာတွေရော၊ အယ်ချုပ်တွေရော လာကြပါတယ်။ တချို့ဂျာနယ်တိုက်များဆိုရင် တိုက်ပိုင်တွေနဲ့ ဆောင်းပါးရှင်တွေပါ တက်ရောက်လာကြပါတယ်။ ဂျာနယ်တိုက်တစ်ခုမှာ အနည်းဆုံး ၂ ယောက်ကနေ အများဆုံး ၈ ယောက်အထိ သတင်းယူကြပါတယ်။ သတင်းထောက်တွေ အရမ်းများလာတော့ နောက်မှရောက်လာတဲ့ သတင်းထောက်တွေကို ဝင်ခွင့်မပေးတော့ပဲ ပြန်လွှတ်လိုက်လို့ မီဒီယာသမားအချို့ စိတ်မကြည်မသာနဲ့ လှည့်ပြန်ခဲ့ရပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲအပြီး လက်ဆောင်တွေပေးတော့ နဲနဲ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ လက်ဆောင်ထဲမှာ Sim Card တွေအပြင် Xperia E1 Sony ဟန်းစက်တွေနဲ့ ထီးတွေပါ ပေးတော့ မီဒီယာသမားအားလုံး ထိန်းမနိုင်သိမ်းမရ တိုးဝှေ့လုကြတော့တာပါပဲ။ တချို့ဝါရင့် သက်ကြီး သတင်းသမားတွေဆိုရင် အော်ဟစ်ပြီး အတင်းတောင်းပါတယ်။ တချို့က မရလို့ စိတ်ဆိုးကြပါတယ်။ တန်းမစီပဲ အတင်းတိုးနေတာကြောင့် အဖြူမက မောင်းထုတ်တာကို မီဒီယာသမားတချို့ ခံလိုက်ရပါသေးတယ်။ နိုင်ငံခြားသားတွေ ရှေ့မှာမြန်မာ မီဒီယာသမားတို့ သိက္ခာက ကုန်းကောက်စရာတောင် မကျန်တော့ပါဘူး။ ဓာတ်ပုံများကို ချင့်ချိန်ပြီး https://www.facebook.com/MyanmarMediaWatch မှာတင်ပေးပါမယ်။ ဘယ်လိုမှကို အဖက်ဆည်မရအောင် ဟက်တက်ကွဲတဲ့ ပွဲပါပဲ။

myanmar express

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ