မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဖိအားပေးပြောဆို ဆောင်ရွက်ရန် တိုက်တွန်းခြင်းခံ ထားရသော အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီအနေဖြင့် ပြည်ထောင်စုလွှတ်တော်နာယ ကနှင့် တွေ့ဆုံစဉ်နှစ်နိုင်ငံဆက်ဆံ ရေးကို ယခုထက်ပိုမိုဆောင်ရွက်ရန်သာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အာဆီယံနိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေးနှင့် ဆက် စပ်အစည်းအဝေးများ တက် ရောက်ရန် မြန်မာနိုင်ငံသို့ ရောက် ရှိနေသော ဂျွန်ကယ်ရီက ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား ယခုလ ၇ ရက် တွင် လာရောက်တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့လွှတ်တော်နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦး လှမြင့်ဦးကပြောသည်။
မြန်မာ့လွှတ်တော်၏ ဆောင်ရွက်ချက်များသည် အချိန်တို ကာလအတွင်း ကျေနပ်အားရ ဖွယ်ကောင်းသည့် ဆောင်ရွက် ချက်များကို မိမိအနေဖြင့် အသိ အမှတ်ပြုချီးကျူးပါသည်ဟု ဂျွန် ကယ်ရီကပြောကြားခဲ့ကြောင်း ဦး လှမြင့်ဦးကပြောသည်။
‘‘အမေရိကန်အနေနဲ့ မြန်မာ နိုင်ငံကို ဖိအားပေးဖို့ တိုက်တွန်း ခံခဲ့ရတယ်လို့ ကြားပေမယ့် အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ဘာတစ်ခုမှပြောမသွားဘူးဗျ။ တွေ့ဆုံ ဆွေးနွေးမှုတွေဟာ တော်တော် လေးကို နွေးနွေးထွေးထွေး ရှိပါတယ်။ နောက်ကိုလည်း ဒီထက်ပိုပြီး ရင်းရင်းနှီးနှီးဆက်ဆံဖို့ သဘောတူခဲ့ပါတယ်’’ဟု တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့သူ ဦးလှမြင့်ဦးကပြောသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှု ကို နေပြည်တော်ပြည်သူ့လွှတ် တော်တွင် ပြုလုပ်ခဲ့ပြီး အချိန် တစ် နာရီကြာ ဆွေးနွေးမှုပြုလုပ်ခဲ့သည်။
လက်ရှိမြန်မာနိုင်ငံ၏အခြေအနေသည် နောက်ကြောင်းပြန်လှည့်ဖွယ်ရာအခြေအနေများ ဖြစ်ပေါ်ကာ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားသဖြင့်ပိတ်ဆို့အရေးယူရန်အမေရိကန်ရှိလူ့အဖွဲ့အစည်းများအပါအ၀င်အမေရိကန်အောက်လွှတ်တော်အမတ်များက နိုင်ငံ ခြားရေးဝန်ကြီးဂျွန်ကယ်ရီအား ဖိ အားပေးတိုက်တွန်းမှုများ ပြုလုပ် ခဲ့သည်။
No comments:
Post a Comment